Friday, September 7, 2012

လစ်သူယေးနီးယန်း ငိုချင်းတစ်ပုဒ်

မြူနှင်း မြူနှင်း ငါ့ရဲ့အလှတရားကဆုံးရှုံးခဲ့တဲ့အရာ
အဖိုးကြီးတစ်ယောက်စကားပြောနေတာ ငါကြားတယ်

ငါတို့ သစ်တောတွေပဲဖြစ်ရမယ်
ဥာဏ်ပညာကြီးရင့်သူအမျိုးသမီးတွေက သစ်ကိုင်းမှာဖဲကြိုးတွေချည်နှောင်

လေက စာဘယ်လိုပေါင်းဖတ်ရမလဲဆိုတာကို သိတယ်
ဟောဒီမြစ်သေးသေးလေးထဲမှာ ရေတွေများလှချည့်

ဘာသာတရားဟောင်းကြီးကို မဆုံးရှုံးစေနဲ့လမင်း
ငါတို့လိုအပ်လို့ ငါတို့သန်မာနေကြတာပဲ

တစ်ခါတရံအဖေကသားထက် တစ်လကြီးတယ်
ကျိုးနေတဲ့ဂစ်တာပေါ်ကတရားကို မင်းကြားလား

ငါ့သမီးကို သစ်ပင်နာမည်တွေခေါ်တတ်အောင် သင်ခဲ့ပေးပြီးပြီ
နေမကွယ်ခင်အထိ ဘယ်သူ့ကိုမှသွားမထိနဲ့

သွေးထွက်နေတဲ့လူတစ်ယောက်ကို မြစ်ကမ်းနဖူးပေါ်မှာမင်းမြင်ခဲ့တယ်
အကြိမ်ကြိမ်ဆေးကြောကြပေမယ့် ငါတို့ဘယ်တော့မှ သန့်ရှင်းမလာ

လမ်းလျှောက်ပုံကိုကြည့်ပြီး ငါတို့တစ်ယောက်ကိုတစ်ယောက်သိတယ်
မိုးရေထဲမှာ ဖဲကြိုးနီတွေက အသားစတွေလို။

ရောဘာ့ထ်ကယ်လီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာRobert Kelly ရဲ့ A Lithuanian Elegy ကဗျာကိုပြန်ဆိုပါတယ်)

No comments:

Post a Comment