Tuesday, September 25, 2012

နံရံကိုကျွန်မခေါင်းနဲ့ဝင်ဆောင့်ပစ်ခဲ့တယ်

ကလေးအရွယ်တုန်းက
သူတော်စင်
ဖြစ်ဖို့ဆိုပြီး
ကျွန်မရဲ့လက်ချောင်းကို မီးထဲထိုးထည့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ
နံရံကိုခေါင်းနဲ့ နေ့စဉ်ဝင်ဆောင့်ပစ်ခဲ့တယ်။

မိန်းမပျိုလေးဖြစ်လာတော့
ခုန်ချဖို့ဆိုပြီး
ထပ်ခိုးပြတင်းပေါက်ကတစ်ဆင့်
အမိုးပေါ် ကျွန်မတက်ခဲ့တယ်။

မိန်းမကြီးအရွယ်ရောက်တော့
ကျွန်မတစ်ကိုယ်လုံးမှာ သန်းတွေမြင်မကောင်းဘူး။
ကျွန်မရဲ့ဆွယ်တာကို မီးပူတိုက်တဲ့အခါများ
ပေါက်ပေါက်ဆုပ်တွေလို တဖောက်ဖောက်။

ကွပ်မျက်ခံရဖို့အရေး မိနစ်ခြောက်ဆယ်
ကျွန်မစောင့်ခဲ့ရတယ်။
အနှစ်ခြောက်ဆယ် ဆာလောင်ခဲ့ရတယ်။

အဲဒီနောက် ကလေးတစ်ယောက်ကိုကျွန်မမွေးတယ်၊
အိပ်စက်စေခြင်းလုံးလုံးမရှိဘဲ
ကျွန်မကို သူတို့ထုဆစ်ကြတယ်။

အဲဒီနောက် မိုးကြိုးကကျွန်မကို သုံးကြိမ်ပစ်တယ်။
ဘယ်သူ့အကူအညီမှမပါဘဲ
သေရာကနေ သုံးကြိမ်ပြန်ထလာရတယ်။

သုံးကြိမ်သုံးခါ ရှင်သန်ထမြောက်ခဲ့ပြီးနောက်
ကျွန်မအခုအနားယူနေပါတယ်။

အန်နာဆွားရ်
မြန်မာပြန်-မောင်ဒေး

(ပိုလန်ကဗျာဆရာမ Anna Swir ရဲ့ I Knocked My Head against the Wall ကဗျာကိုပြန်ဆိုပါတယ်)

No comments:

Post a Comment