Wednesday, September 12, 2012

တိုက်ခန်း


ငါနဲ့ရုပ်ချင်းသိပ်မတူလှတဲ့
မီးဖိုစင်ပေါ်ကအမျိုးသမီးဟာ
လွှစက်တစ်ခုကို ကိုယ်နဲ့ခွာပြီး
ကိုင်ထားတယ်၊
ခြောက်ခြောက်ခြားခြားလည်းပြုံးနေတယ်၊
အဲဒီအချိန် ဖော်ထုတ်ခံရခြင်းမရှိသေးတဲ့အကျိတ်တစ်ခုက
သူ့ရဲ့ကျောက်ကပ်ပေါ်မှာ ဆောင့်ကြောင့်တက်ထိုင်လိုက်တယ်။


ပစ္စုပ္ပန်ဟာ
ကြေကြေကွဲကွဲနဲ့ အလိုလားဆုံးဖြစ်ရတဲ့အရာ၊
ဟိတ်ကြီးဟန်ကြီးနိုင်ခြင်းနဲ့
အောက်တန်းကျခြင်းတို့ရဲ့
မူးရစ်ရီဝေစေသော အရောအနှော၊
ထိပ်ပိုင်းအဖြတ်ခံထားရ၊
ဘောင်အသွင်းခံထားရ။


သူငယ်ချင်းတစ်ယောက်ရဲ့အခန်းကို
ငါကတစ်ဆင့်ပြန်ပြီး အငှားချထားသလိုမျိုးပါလား။
ဘယ်သူငယ်ချင်းပါလိမ့်လို့
အိပ်မက်ထဲမှာတောင် မရမက
ငါစိတ်ကူးယဉ်စဉ်းစားနေမိတယ်။

ပြီးတော့ ငါ့ရဲ့ရေလဲဝတ်ရုံတွေအားလုံးကို
မရမက လိုက်လံစုစည်းနေမိတယ်။
ငါတကယ်ပိုင်တဲ့ ဝတ်ရုံတွေကိုရော
ငါမပိုင်တဲ့ဝတ်ရုံတွေကိုရော

ရေးအာမန်ထရောက်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Rae Armantrout ရဲ့ Apartment ကဗျာကိုပြန်ဆိုပါတယ်)

No comments:

Post a Comment