Saturday, June 23, 2012

၁၄


ပျော်ပါးပြီးရင်
မေ့ပစ်လိုက်လို့ရတဲ့နေ့
သစ္စာရှိသူတွေ အသင်းပြောင်းအားပေးကြတဲ့
ပွဲ

*
နတ်တို့ရဲ့ကျေးကျွန်
မြိုင်ဟေဝန်မှာ စည်တော်သံဟိန်းလျက်

*
အမှောင်ဓါတ်အောင်းနေတဲ့အံသွားကို
နိုင်ငံခြားဘာသာစကားတွေက
အလှည့်ကျစောင့်ကြပ်တယ်

*
စစ်ဘုရင်တွေဟာ
သဲ၊ သံ၊ မီးနဲ့ မရဏအကြောင်းပြောပြီး
ပျောက်ကွယ်စပြုနေတဲ့အလင်းထဲမှာ
တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးဟန်ဆောင်ကြတယ်

*
ဒီအခန်းထဲမှာ
ညနေကြယ်ကဘယ်လိုလုပ်ပြီး
ကြွေကျနေတာတုန်း ??

*
နှစ်ဆယ့်တစ်ရာစုရဲ့
နဂါးခံတွင်းဝမှာမျက်စိဖွင့်အိပ်ရင်း
မမွေးသေးတဲ့ကလေးတွေကို
ကျိန်ဆဲတယ်

မောင်ဒေး
ဇွန် ၁၄၊ ၂ဝ၁၂

No comments:

Post a Comment