အလုံဈေးကကာရာအိုကေဆိုင်ထဲမှာ
ငါ့ရဲ့မျက်စိရှေ့တင်
စစ်တပ်က
သပိတ်စခန်းကိုဝင်သိမ်းတယ်။
မိန်းကလေးတွေဟာ
ကျပ်ညပ်နေတဲ့ဒိုင်နာကားပေါ်မှာ
ဘာသာစကားတစ်ခုကနေ
နောက်တစ်ခုဆီ အသက်လုပြေးကြတယ်။
မိုင်းရှင်းထားတဲ့ပေါင်ကြားကို
ထူးဆန်းတဲ့အနာတစ်ခုလို
ငါကြည့်နေတုန်း
သုဝဏ္ဏအားကစားကွင်းရှေ့မှာ
လယူရှောင်ဘိုကို*
ထောင်ထဲထည့်လိုက်တယ်။
ဘုရားရှေ့မှာ
နဂါးရှိတယ်။ မိုးဟာ လေမမြင်၊
မိုးမမြင်။
ဇောက်ထိုးဆင်းလာတဲ့လေယာဉ်မှာ
ထိုးကွင်းတွေမြင်မကောင်း။
ခုနေခါ
ကဗျာရေးဖို့မဖြစ်နိုင်လို့
ဒီကဗျာကိုငါရေးတယ်။
ကဗျာနဲ့မူးယစ်ဆေးဝါးဆိုတာ
အလယ်တန်းကျောင်းမှာကတည်းက
မိန်းကလေးတွေအိမ်သာတက်တာကို
အလှည့်ကျချောင်းကြည့်၊
ကြောင်ရဲ့ဂွေးမှာ
ခဲလုံးကိုကြိုးတပ်ပြီးဆွဲတော့လည်း
အတူတူပဲ။
“အဲဒါ
သီတာထွေး။” “မဟုတ်ဘူး၊ အဲဒါ
လေးဖက်ကုန်းနေတဲ့ကဗျာ။”
MRTV
4ဟာ
ငါ့ရဲ့နာမည်တွေအများကြီးထဲကတစ်ခု၊
နောက်တစ်ခုက
လှိုင်သာယာစက်မှုဇုံ။
ငါမွေးထားတဲ့မျောက်မှာ
ဖိုလိင်အင်္ဂါငါးခုရှိတယ်။
ငါမွေးထားတဲ့မျောက်ဟာလက်အိတ်ကို
အောက်ခံဘောင်းဘီလုပ်ဝတ်တယ်။
လဆုတ်လကွယ်ကို
ငါထိန်းချုပ်တယ်။
ကိန္နရာရဲ့အတောင်ကိုကျောမှာတပ်၊
ကြယ်တံခွန်ကို
ဒဂုန်တာရာရဲ့လျှာနဲ့ ငါလျက်တယ်။
*Liu
Xiaobo
မောင်ဒေး
၉
ဒီဇင်ဘာ ၂ဝ၁၂
No comments:
Post a Comment