Monday, December 31, 2012

၁၉၆ဝနှစ်များပုံစံကဗျာ

အကောင်းဆုံးက ကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ပြောင်းခင်းထဲမှာလည်း သူတို့ရှိတယ်၊ မြစ်ကမ်းနဘေးမှာလည်း သူတို့ပဲ
သူတို့ဟာကိုယ်လုံးတီးဖြစ်ပြီး လမင်းကအဝါရောင်ဖြစ်တယ်
ဆီးသီးပေါတဲ့ နွေရာသီဖြစ်တယ်
အဲဒီနောက်ဆောင်းဦးရာသီ၊ သူတို့ကို မြို့ထဲမှာငါတွေ့တယ်
ကော်ဖီဆိုင်မှာ၊ ပါတီပွဲမှာ၊ အရက်ဆိုင်မှာ၊ ပန်းချီပြပွဲဖွင့်ပွဲတွေမှာ
အဲဒီကိုယ်လုံးတီးအမျိုးသမီးတွေကို ငါတွေ့တယ်
တစ်ခါတရံ နေကာမျက်မှန်တွေကို သူတို့တပ်ထားကြတယ်
မကြာခဏဆိုသလို စီးကရက်ကိုလက်ကြားမှာညှပ်၊ ကော့တေးခွက်ကိုကိုင်ထားကြတယ်
ကော့တေးထဲမှာ ရေခဲကတစ်တုံးတည်းသာရှိတယ်
ကိုယ်လုံးတီးအမျိုးသမီးတွေဟာ ဘီးဟိုက်ပုံဆံထုံးကိုကြိုက်တယ်
နေရာမရွေးဝတ်လို့ရတဲ့ အနက်ရောင်ဝတ်စုံတွေကိုကြိုက်တယ်
ကိုယ်နံ့မွှေးကြိုင်တာကို ဂုဏ်ယူတယ်
အိစက်စက်အနက်ရောင်ဂါဝန်ကိုဝတ်
နောက်ဆုံးပေါ်အနက်ရောင်ခေါက်ပိုက်ဆံအိတ်ကို သူတို့ကိုင်ထားကြတယ်ဆိုပေမယ့်
သူတို့ဟာ ငါ့စိတ်ကူးထဲကကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ဆယ့်လေးနှစ်သားအရွယ်ကတည်းက ငါစိတ်ကူးယဉ်ခဲ့ရတဲ့
ကိုယ်လုံးတီးအမျိုးသမီးတွေပဲ

ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ Poem in the Manner of the 1960s ကဗျာကိုပြန်ဆိုပါတယ်) 


No comments:

Post a Comment