တောင်စိမ်းစိမ်းတွေပေါ်မှာ
ဘာကြောင့်နေရတာလဲလို့
မင်းငါ့ကိုမေးလာတဲ့အခါ
ငါတိတ်တိတ်ကလေး
ရယ်မယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က
ကြည်လင်ငြိမ်းချမ်းတယ်။
မက်မွန်ပွင့်ဟာ
ရေစီးအတိုင်းမျောပါသွား။
လူ့လောကရဲ့အလွန်မှာ
နောက်ထပ်
ကောင်းကင်နဲ့မြေကြီး တည်ရှိတယ်။
လိပို
မောင်ဒေး-မြန်မာပြန်
(တရုတ်ကဗျာဆရာ
Li Po
(701-762 AD) ၏
Conversation
in the Mountains ကိုပြန်ဆိုပါသည်။)
No comments:
Post a Comment