Friday, March 7, 2014

စည်း


ဟိုဘက်ကမ်းကို ငါသွားချင်တယ်

မြစ်ရေဟာ ကောင်းကင်ရဲ့အရောင်ကို ပြောင်းလဲပစ်တယ်
ငါ့ကို ပြောင်းလဲပစ်တယ်
ရေစီးကြောင်းထဲမှာ ငါရှိနေတယ်
ငါ့ရဲ့အရိပ်ဟာ မိုးကြိုးပစ်ခံရတဲ့ သစ်ပင်တစ်ပင်လို
မြစ်ကမ်းနံဘေးမှာ မတ်တပ်ရပ်လျက်

ဟိုဘက်ကမ်းကို ငါသွားချင်တယ်

ဟိုဘက်ကမ်းက သစ်ပင်တွေထဲမှာ
မျက်ကလူးဆန်ပျာဖြစ်နေတဲ့ တစ်ကောင်ထီးတည်း ခိုငှက်
ငါ့ဆီပျံသန်းလာတယ်


ပေတောက်
မြန်မာပြန်-မောင်ဒေး

(တရုတ်ကဗျာဆရာ Bei Dao ရဲ့ The Boundary ကိုပြန်ဆိုပါတယ်)

1 comment:

  1. ကို ဒေး ရေ.... မတွေ့တာကြာပြီ.... (ကဗျာတွေအားပါးတရလာဖတ်သွားပါတယ်) - ညံလင်း -

    http://maybetomorrows.blogspot.com/

    ReplyDelete