မျက်မှောက်ခေတ်
ချစ်သူတွေ
တို့နှစ်ယောက်ရဲ့ပတ်သက်မှုကို
အသက်ဆက်ဖို့အတွက်
တို့တတွေ
နောက်ထပ်မတွေ့ဘဲ နေကြရအောင်
(Modern
Lovers)
ငါနေ့စဉ်လုပ်တဲ့
ကိစ္စဆယ်ခု
မိမိကိုယ်ကို
သတ်သေခြင်း
(10 Things I Do Everyday)
မျက်လုံး
ရင်ဘတ်ထဲကနေ
မင်းကိုမျက်စိမှိတ်ပြနေတယ်
(Eye)
မြေလူးငှက်တစ်ကောင်ကို
တစ်မျိုးတစ်ဖုံရှုမြင်နည်း
အဲဒါ
ဘာမြေလူးငှက်မှမဟုတ်ဘူး
အဲဒါ
ပြတင်းပေါက်တစ်ခုနဲ့
အုတ်ခဲသေးသေးလေးတစ်ခုပဲ
(One
Way of Looking at a Blackbird)
ဘော့ဘ်ဟိုးလ်မန်း
မြန်မာပြန်-မောင်ဒေး
(အမေရိကန်ကဗျာဆရာ
Bob
Holmanရဲ့ကဗျာလေးပုဒ်ကို
ပြန်ဆိုပါတယ်)
No comments:
Post a Comment