Friday, February 28, 2014

ခရီး


အရိပ်က ရေသောက်နေတယ်
အလင်းရောင်ပြုတ်ကျသွားခြင်းက
အရုဏ်ဦးကို ဆွဲဖွင့်ချလိုက်တော့
ရယ်မောခြင်းဟာ အလင်းရောင်ကို လိုက်ပြီးတုပတယ်

အဲဒီခရီးအတွက်သယ်လာခဲ့တဲ့ စာအုပ်တွေဟာ
အဲဒီခရီးကြောင့်ပဲ အိုမင်းကုန်ကြ
အဲဒီစာအုပ်တွေရဲ့ရေးသူနာမည်တွေဟာ
အဲဒီခရီးကြောင့်ပဲ အမည်မသိစာဆိုရယ်လို့ဖြစ်လာကြ
ပြဇာတ်စင်မြင့်ရဲ့ နောက်ခံရှုခင်းကားထဲ ဝင်လာတဲ့မြင်းက
နောက်ကိုပြန်လှည့်ကြည့်တယ်

ခင်ဗျား အခုဆိုက်ရောက်လာတာ
အဲဒီလူကိုမွေးခဲ့တဲ့ နေရာပေါ့

ငါးတွေက မြို့ကို ရေအောက်ကနေ မော့ကြည့်တယ်
ရေအောက်ထဲမှာတော့ အသစ်တပ်ထားတဲ့ ငါးစာတွေနဲ့အတူ
ဘယ်လိုမှကိုသည်းခံလို့မရတဲ့ ကျောက်ဆူးတစ်လက်

ပေတောက်
မြန်မာပြန်-မောင်ဒေး

(တရုတ်ကဗျာဆရာ Bei Dao ရဲ့ Travel ကိုပြန်ဆိုပါတယ်)

No comments:

Post a Comment