Tuesday, March 19, 2013

နံရံလေးဘက်


ကျုပ်တို့နေတဲ့နေရာကို အိမ်လို့

ခေါ်နိုင်ပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခု။

အတော်လေးကြီးတဲ့ပြတင်းပေါက်တစ်ခုနဲ့

တံခါးပေါက်သေးသေးလေးတစ်ခု။

လက်ကိုရင်ဘတ်မှာကပ်

ခြေထောက်ကိုတစ်ချက်ကလေးမှမကြွဘဲသွားမယ်ဆိုရင်

အဲဒီတံခါးကနေ ဝင်လို့ထွက်လို့ရပါတယ်။

ပြတင်းပေါက်ရဲ့အပြင်ကိုလှမ်းကြည့်လို့လည်းရပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခုရဲ့

ပြတင်းပေါက်လို့ဆိုချင်ဆိုပါလေ။

ခြေထောက်မဆန့်ဘဲအိပ်လို့ရ၊

ဦးခေါင်းကိုတစ်ချက်ကလေးမှမကြွဘဲနေလို့ရတဲ့နေရာပါ။


ဇီရှန်းဆာဟိလ်
မြန်မာပြန်-မောင်ဒေး

(ပါကစ္စတန်ကဗျာဆရာ Zeeshan Sahil ရဲ့ Four Walls ကဗျာကိုပြန်ဆိုပါတယ်)

No comments:

Post a Comment