ငါ့ရဲ့ရောဂါလက္ခဏာကို
ငါပြန်စားတယ်။
ပြိုပျက်တိုက်စားခြင်းကို
ငါဝယ်ယူသုံးစွဲတယ်။
အနာဂတ်ရဲ့တစ်နေရာမှာ
ဂဝံခဲတွေဟာ ဝုန်းဒိုင်းကြဲပြီး
နယ်သစ်ပယ်သစ်တစ်ခုဖြစ်လာ။
အဲဒီနယ်သစ်ပယ်သစ်ကို
ရဲဘက်စခန်းလို့ပဲ
ငါတို့လွယ်လွယ်ခေါ်လိုက်ကြမှာဖြစ်တယ်။
ငါငှားနေတဲ့အခန်းက
ပျက်စီးခြင်းငါးပါးရဲ့လိပ်စာ။
လျှပ်စီးကိုငါထိလိုက်မိချိန်မှာ
စာပို့ခိုတွေဟာ
သူတို့ရဲ့အတောင်ပံတွေကို
သူတို့ကိုယ်တိုင်ပြန်ရိုက်ချိုး၊
သစ်ပင်မြင့်မြင့်ပေါ်ကနေခုန်ချပြီး
လူ့ဘဝကိုရယူကြတယ်။
ကြံခင်းအလုပ်သမားတွေက
ကြံစုပ်ရင်းသေရတယ်။
သစ်သီးတိုင်းကို
သစ်သီးပုပ်လို့ပဲ ငါနာမည်ပေးခဲ့တယ်။
နေ့တွေကို
ငါ့ရဲ့ချွေးနံ့နဲ့ရွှေ့ခဲ့သလို၊
ဆယ့်နှစ်လရာသီဟာလည်း
ငါ့ရဲ့သားမြတ်ကထွက်တဲ့နို့ရည်နဲ့ပဲ
အရွယ်ရောက်ခဲ့တယ်။
သရက်သီးပုပ်တွေက
မြေပြင်ပေါ်ကို တဘုတ်ဘုတ်နဲ့ကြွေကျ။
လက်သည်မရှိတဲ့အရပ်မှာလည်း
ကလေးတွေဖွားမြင်ကြတယ်။
ငါ့ရဲ့ရောဂါလက္ခဏာကို
ငါစားလည်းစားတယ်၊ ရောင်းလည်းရောင်းတယ်။
မောင်ဒေး
No comments:
Post a Comment