ဆင်တစ်ကောင်ရဖို့ဆုတောင်း
ကောင်လေးတွေရဲ့
သွေးထဲကမိုးရေကို စုပ်ယူမြိုချဖို့
မုန်တိုင်းထန်နေတဲ့တူးမြောင်းတွေဘက်
ငါသူတို့ကိုခေါ်သွားတယ်။
အရိပ်တွေက
ငါတို့ရဲ့သစ်တောအောက်ခြေမှာ
ဖြန့်ကျက်ရွေ့လျား၊
ပြီးတော့
ရွံစရာကောင်းတဲ့ရွတ်ဖတ်သရစယ်သံတွေက
ဟောင်းနွမ်းဝါကျင့်နေတဲ့
အဲဒီနေလုံးကြီးကို
ဆုတ်ဖြဲပစ်လိုက်တာများ
ကာလတရားကိုခြေမွပစ်နေတဲ့
နားဝင်ချိုလွင်
ဆင်ဖိုနီလက်ချောင်းတွေလိုပဲ။
သွားရည်တများများကျနေတဲ့
အမဲလိုက်ခွေးတစ်ကောင်ဟာ
နင့်လို
အရက်မူးနေတဲ့သူငယ်ချင်းမျိုးကို
ဘုရားလိုမကိုးကွယ်ဘဲ
မနေနိုင်ပါဘူး။
ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး
ပူတဲ့နေ့တွေ
ရေပိုက်ခေါင်းဆီသူလျှောက်သွားပြီး
မီးခြစ်ဆံတစ်ချောင်းကို
ခြစ်လိုက်တယ်။
မီးတောက်တစ်ခုဟာ
လေမှုတ်မီးလို ဟုန်းကနဲပန်းထွက်လာတယ်။
သူ့ရဲ့ညာဘက်လက်မောင်းမွေးတွေ
ရှဲကနဲပါသွားတယ်။
“ကဲ၊
တို့ဘာလုပ်ကြမလဲ” လို့
သူ
ကျွန်မကိုမေးတယ်။
ကျွန်မ
ပခုံးပြန်တွန့်ပြလိုက်တယ်။
ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး
(အမေရိကန်ကဗျာဆရာမ
Jami Kali
ရဲ့
Elephant
Wish နဲ့
Hot Days
ကဗျာတို့ကိုပြန်ဆိုပါတယ်)
No comments:
Post a Comment