Thursday, December 19, 2013

မကုန်သေး



နောက်ဆုံးတော့ ဂူထဲကနေ ငါထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို
အနံ့ခံကြည့်တယ်။ ဂူထဲကနေ ထွက်လာရတာဟာ လူတွေသိကြတဲ့
ငရဲဆိုတာပဲ၊ အဲဒီစောက်ငရဲပေါ့။ ငါမျိုးတုံးသွားပြီလို့ လူတွေကပြောကြ
သတဲ့၊ ရေးကြသတဲ့။ ငါနံစော်နေတယ်။ လူသားမျိုးနွယ်ကို ထားရစ်ပေးခဲ့တဲ့
ငါ့ရဲ့ခါးအောက်ပိုင်းဟာ ချေးအထပ်ထပ်နဲ့ မြင်မကောင်းအောင်ပါပဲ။

ဘောလုံးပွဲလည်းပြီးရော အားကစားကွင်းထဲကနေ ငါထွက်လာတယ်။
ငါ့ရဲ့ဆံပင်ထဲကနေ ပျားတွေ၊ပိတုန်းတွေ ထွက်လာတယ်။ ဘောလုံးပွဲပရိသတ်
တွေကို စိတ်ကြိုက်တုပ်ပြီး တောထဲပြန်ဝင်ကာ အစုလိုက်အပုံလိုက် သေပွဲ
ဝင်ကြတယ်။ စိမ်းမှောင်နေတဲ့တောကို လူသားဝိညာဉ်တွေနဲ့ လုပ်ထားတာ
မဟုတ်ပါဘူး။ တောထဲမှာ ကျားနဲ့ဆင် နှစ်သင်းခွဲပြီး ဘောလုံးကန်ကြတယ်။

ကြက်အရှင်တစ်ကောင်ကိုဝယ်ပြီး ဈေးထဲကနေ ငါထွက်လာတယ်။ အိမ်ဘေးက
မိဆွေက ဘာလဲလို့မေးတယ်။ ကြက်လို့ပြန်ဖြေလိုက်တယ်။ ဘာလုပ်မလို့လဲလို့
ထပ်မေးတယ်။ နင်တို့ရဲ့အိမ်ကို မီးလောင်တိုက်သွင်းဖို့အတွက် လည်ပင်းသွေး
ဖောက်ပြီး နတ်ဆိုးကိုပသမလို့ဟေ့လို့ ပြန်ဖြေလိုက်တယ်။ အိမ်ဘေးကုက္ကိုပင်
ဆီက ရယ်သံနက်ကြီးထွက်လာတယ်။ တွင်းထဲကရေတွေ ဆူလာတယ်။

အိမ်သာထဲကနေ သေးတန်းလန်းနဲ့ငါထွက်လာတယ်။ အိမ်ရှေ့ကဥယာဉ်ကို
သေးနဲ့ပန်းပြီးရေလောင်းတယ်။ သေးကမကုန်သေး။ အိမ်နီးချင်းရဲ့ကားကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ စည်ပင်ဆိုင်းဘုတ်ကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ကျောင်းခြံစည်းရိုးကို သေးနဲ့
ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ဆာကူရာတာဝါပေါ်တက်ပြီး

လမ်းတွေကိုသေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး...

မောင်ဒေး
၂ဝ အောက်တိုဘာ ၂ဝ၁၃

1 comment:

  1. အင်္ဂလိပ်လိုပြန်ရေးပါလား ဆရာ...
    ဒီလို စာအမျိုးအစားတွေ သောက်တဲ့အရက်ဆိုင်ကို ဘီဂင်နာ အနေနဲ့ ဘယ်လို ဘယ်က စလေ့လာရမလဲ... (အတွေးဆက်ပစ်ထဲ့ထားနိုင်တဲ့) စတိုင်နဲ့ ခေတ်ပေါ်လမ်းသရဲသံပေါက် (တဦးထဲအမြင်ပါ) တာကို သဘောကျတယ်....။

    ReplyDelete