လူဟာ
မကောင်းမှုဒုစရိုက်အကြောင်းကိုတောင်
မေ့ချင်မေ့နေတာမျိုး။
မှန်ကြည့်တော့
မိစ္ဆာတစ်ကောင်နဲ့အတူ
သူများပစ္စည်းခိုးယူနေတဲ့
ငါ့ကိုယ်ငါပြန်မြင်ခဲ့ရ။
မင်းရဲ့အခန်းကိုငါတို့နှစ်ယောက်
အခင်းအကျင်းပြောင်းခဲ့တယ်။
မျှော်လင့်ချက်မရှိဘူးဆိုတဲ့ခံစားချက်က
ခံစားလို့ကောင်းခဲ့တယ်။
“မီးအိမ်တွေမရှိရင်
ခက်တောင့်ခက်ခဲနိုင်ငံပဲ”လို့
ငါပြောခဲ့တယ်။
မြေပုံအဟောင်းတွေကိုငါတို့လေ့လာကြပြီး
ဘယ်လမ်းသွားရမယ်ဆိုတာကို
သူကပြတယ်။
ဒါပေမယ့်ဒီမှာ
မင်းရဲ့ရယ်မောခြင်းဥယာဉ်ကို
မင်းကစိုက်ပျိုးနှင့်ခဲ့ပြီးပြီ။
ငါပြုံးမိတယ်။
အလျှံညီးညီးအလင်းရောင်ကြီးတစ်ခုကို
ငါတို့ကိုင်ထားကြတယ်။
ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး
(Dan
Ivec ရဲ့
The
Disposal of Evil, 1926 ကိုပြန်ဆိုပါတယ်)
No comments:
Post a Comment