Thursday, February 14, 2013

အိုဟားရား


ဓါတ်လှေကားလုံခြုံရေးဟာ တိုက်ခန်းထဲဝင်လာတဲ့ဖုတ်ကောင်ကို ငုံ့ကြည့်တယ်။
ပြီးတော့သူမြင်တာကို မြင့်သန်းဝတ္ထုထဲကလေသံနဲ့ ပြန်ပြောပြတယ်။
ဂျေမီက ယာဉ်တိုက်မှုဖြစ်ပွားနှုန်းတွေကိုရွတ်နေတယ်။
သူ့ရဲ့ကုတင်အောက်ကတယ်ရီယာခွေးဟာ
မန္တလေးမြေဈေးကွက်ကို သူ့စိတ်ကြိုက်ကစားတယ်။
ကြယ်ငါးပွင့်ဟော်တယ်တွေဟာဂင်္ဂါမြစ်လို လူသေတွေကိုမျှောတဲ့နေရာဖြစ်ပြီး
ဇင်ယော်တွေက “မြန်မာ၊ မြန်မာ” လို့ အသံသေးသေးကလေးတွေနဲ့အော်ကြတယ်။
မြစ်တွေမှာမျက်လုံးကိုယ်စီရှိတာမို့ လူတွေအားလုံးပျာ်ကြတယ်။


မီးပြတိုက်ထိပ်ကဆလိုက်မီးဟာ ဇီးကွက်ရဲ့မာကျူရီမီးလုံးဖြစ်တယ်။
မမြင်နိုင်တာကို ဖောက်ထွင်းမြင်ရတဲ့ဟာမျိုးပဲ။
သူ့ကိုပိုးကောင်မျိုးစုံက ဝိုင်းအုံစားသောက်တယ်။
ပျားရည်သုတ်ထားတဲ့ချာတိတ်မဟာ သူရဲ့ပေါင်ကိုမထိတထိဟလိုက်တယ်။
အလှည့်ကိုစောင့်မနေတော့ဘဲ အဲဒီသက်တံထဲမှာငါ့ကိုယ်ငါအတင်းဝင်နှစ်လိုက်တယ်။
ကြက်ဖဘယ်ရောက်နေလဲလို့ဂျေမီကမေးတယ်။ “အော်၊ မင်းလည်းပါသကိုး”လို့
ဆီဇာကဘရူးတပ်စ်ကိုပြောတယ်။ အရှိန်နဲ့မျောလာတဲ့ဒိုက်ပုံကို
မေယု()လမ်းနားကပေါင်းကူးတံတားလည်း မဟန့်တားနိုင်ဘူး။

မောင်ဒေး
၁၅ ဖေဖော်ဝါရီ ၂ဝ၁၃

No comments:

Post a Comment