Friday, April 18, 2014

ငှက်သိုက်


ငှက်တွေဟာ ကျွန်မရဲ့ရင်ခွင်ထဲမှာ၊
ကျွန်မရဲ့ပခုံးတွေပေါ်မှာ၊ ကျွန်မရဲ့ဒူးခေါင်းတွေနောက်မှာ
အသိုက်ဆောက်ပြီးနေကြတယ်။
ကျွန်မရဲ့ရင်နှစ်မွှာကြားမှာတော့ ငုံးတွေရှိတယ်။
ကျွန်မကို သစ်ပင်လို့ပဲ ထင်ကြလို့ဖြစ်မယ်။
ငန်းတွေကျပြန်တော့ ကျွန်မကိုရေပန်းတစ်ခုလို့ ထင်ကြတယ်။
ကျွန်မစကားပြောတဲ့အခါ သူတို့အားလုံးဆင်းချလာပြီး ရေသောက်တယ်။
သိုးတွေကလည်း ကျွန်မရဲ့ကိုယ်ပေါ်ကနေ ဖြတ်လျှောက်ပြီး၊
စာကလေးတွေက ကျွန်မရဲ့လက်ချောင်းတွေပေါ်မှာနားကာ
အစာစားကြတယ်။ ပုရွက်ဆိတ်တွေက ကျွန်မကို မြေကြီးလို့ထင်တယ်။
ယောက်ျားတွေကတော့ ကျွန်မကို အလကားပဲတင်းလို့ပဲမှတ်တယ်။

ဂလိုရီယာ ဖွားတက်စ်
မောင်ဒေး-မြန်မာပြန်

(စပိန်ကဗျာဆရာမ Gloria Fuertes Birds Nest ကိုပြန်ဆိုပါသည်။)

No comments:

Post a Comment