Sunday, March 17, 2013

ကြယ်တာရာလူသား

အာကာသကိုကြည့်တဲ့မှန်ပြောင်းထဲမှာ
နွားငှက်တွေနဲ့ကြောင်ငှက်တွေဟာ ဖန်ခွက်တွေလို
တစ်လုံးပြီးတစ်လုံးကျကွဲနေပါတယ်။
ကျွန်တော်တို့တတွေဟာလည်း အရင်စီးပွားရေးစနစ်ထဲမှာ
မနေထိုင်ကြတော့ပါဘူး။ ဇောက်ထိုးချိတ်ပြီးအိပ်တာဟာ
လင်းနို့တွေအတွက် အတည့်ဖြစ်တယ်။ မြန်မာဘာသာစကားဟာ
အမေရိကန်တွေရဲ့ဂျပန်ဘာသာစကားဖြစ်သလိုမျိုးပေါ့။

ကာ့တ်သေပြီးတော်တော်ကြာမှ
ကမ္ဘာကနောက်ပြန်ဆုတ်ပြီး ပန်းအိုးတစ်လုံးထဲမှာနှင်းကျတယ်။
ကြယ်နာမည်တွေကို သေးသိမ်အောင်လုပ်ဖို့အတွက်
ကြယ်တွေထွက်လာတယ်။ ငါတို့ကံကောင်းရင်
ကောင်းကင်ပေါ်ကနေ ဘိုဝီဆင်းလာတာကိုမြင်ရမယ်။
သူ့ရဲ့သီချင်းကိုပြန်ဆိုပြီး ကာ့တ်နာမည်ရခဲ့တာမို့
သူ့ဘက်ကတာဝန်ကျေခဲ့တယ်လို့ ဘိုဝီထင်တယ်။

အဝေးကဖယောင်းတိုင်ဟာ လူတန်းစားကွာခြားမှုကိုဖယ်ရှားလိုက်ပြီး
တောင်ကိုရီးယားမှာလက်နက်လုပ်နည်းသင်ဖို့အတွက်
အရာခံဘိုလေးတွေကို ပညာသင်ဆုပေးလိုက်တယ်။
မိခင်ရဲ့နို့ရည်ကို ငါတို့ဖြုန်းတီးပစ်ခဲ့ကြပေမယ့်
အဲဒီအတွက် ငါတို့ဂုဏ်မယူပါဘူး။ ကံ့ကော်တွေပြည့်နေတဲ့ဗိုက်ဟာ
မအီမလည်ဖြစ်တတ်ပါတယ်။ နောက်ဆုံးရထားနဲ့ငါအမြဲလွဲခဲ့တယ်။
လိင်တော်လှန်ရေးကြီးနဲ့လွဲခဲ့သလိုမျိုးပေါ့။
အခုငါဆိုလိုသမျှကိုငြင်းပယ်ဖို့အတွက် ငါစကားပြောမယ့်အချိန်ကို
ဘိုဝီကစောင့်နေတယ်။

မောင်ဒေး
၁၇ မတ်လ ၂ဝ၁၃

No comments:

Post a Comment