“ငါဟာ
ရှော့ပင်းစင်တာထဲက တိမ်မျှင်တန်း”
အဲဒါကိုမောင်စွမ်းရည်မရေးခဲ့ဘူး။
အသက်မပြည့်သေးတဲ့မိန်းကလးတွေဟာ
ရည်ရွယ်မထားဘဲပေါ်ပေါက်လာတဲ့
လူနေအိမ်တန်းဖြစ်တယ်။
အိပ်ရာပေါ်မှာ
ကိုယ်လုံးတီးလဲလျောင်းနေတဲ့
ပြည့်တန်ဆာမိန်းကလေးဟာ
အသက်မပြည့်သေးတဲ့
လွမ်းတေးတစ်ပုဒ်ဖြစ်တယ်။
ကမ်းရိုးတန်းဟာ
ဆိုင်းဘုတ်ကိုမဖတ်တတ်ဘူး။
အချိုရှိတဲ့နေရာမှာ
လူရှိတယ်။
ငါမင်းကို ရေလိုဆက်ချစ်နေပေမယ့်
အချစ်ကြောင့်
မိုးသားတွေအုံ့မှိုင်းမလာဘူး။
ဘော့ဘ်ဒီလန်
ဒီမှာပျော်ခဲ့သလားဆိုတာ
ကာလီဒါသလည်းမသိဘူး။
ရေနွေးပူနဲ့အပက်ခံရတဲ့ပုရွက်ဆိတ်အုံဟာ
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေရဲ့
ဆန့်ကျင်ဘက်ဖြစ်တယ်။
အပူကိုဟိုတယ်ခန်းထဲကနေ
ငါစောင့်ဖမ်းတယ်။
ကားတစ်စီးဖြတ်မောင်းသွားတယ်။
ကွန်ကရစ်တံတားဘောင်ကို
လရောင်အမှတ်နဲ့ဝင်တိုက်တယ်။
ယာဉ်မောင်းသူရဲ့ခံတွင်းဟာ
မင်းနန္ဒာကို
Eဆေးပြားတစ်ပြားလိုငုံထားတယ်။
မောင်ဒေး
၂၁
ဇန်နဝါရီ ၂ဝ၁၃
No comments:
Post a Comment